ဒဂုံမြောက် ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၁ နာရီက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကျောင်းသား၊ ကျောင်းသူလေးမျာအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုပြီးနောက် အခမ်းအနားတက်ရောက်လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ