တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တပ်ကုန်း ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးစာစုများ၊ ကဗျာ၊ ကာတွန်းများစသည့် အကြောင်းအရာများပါဝင်ပြီး၊ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို မမေ့ လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်၍ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေကြောင်း သိရသည်။

တင်စိုးလွင်