သတင်းများ

သထုံမြို့နယ်၊ အ.ထ.က-၄ ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 10,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယနေ့နေလယ်(၁)နာရီအချိန်က  အမှတ်(၄)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင်ကျရောက်မည့်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၄)နာရီက  သာသနာ့ဗိမာန်တော်ကြီးရှေ့တွင် ကျင်းပခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ
Feb 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
ဖျာပုံမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 10,2023
လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားရေး နှုတ်မှုစွမ်းရည် ထက်မြက်ရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိရေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရေး စသော ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အ.ထ.က(၁) ကျောင်း၊ အောင်​မြေခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီခွဲအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
မာန်အောင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟော​ပြောပွဲ ပြုလုပ်
Feb 10,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၃-ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်
Feb 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊
ကျိုက်မရောမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 10,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြူဗဟိုဌာနခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အ.ထ.က​​ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်တောမြို့နယ် သဝင်ချောင်း​​ကျေးရွာ အထကကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။