သတင်းများ

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Feb 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့  နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းဆောင်ရွက်
Feb 09,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝန်ထမ်းများအား (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်မှ နွေစပါးစိုက်ပျိုးသည့် တောင်သူများက နွေစပါးများစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်ကြလျက်ရှိ
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးသည့် တောင်သူများက ၂၀၂၃ ခုနှစ်အတွက် နွေစပါးများကို ဖေဖော်ဝါရီလ ပထမပတ်ခန့်မှ စတင်၍ စိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်ကြလျက်ရှိကြောင်း သိရသည်။ 
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန်အိုင်ကျေးရွာအုပ်စု နမ့်စံလွယ်ကျေးရွာ ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စံလွယ်ကျေးရွာ ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၃၀) အချိန်က အဆိုပါခန်းမတည်နေရာ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
သံ​ဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်အ​​ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 09,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ကျုံကဒတ်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပ
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ကွမ်းလုံမြို့နယ် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦး ဝင်ရောက်
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲနှင့် အာဟာရကျွေးမွေးမှုပြုလုပ်
Feb 09,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲနှင့် အာဟာရကျွေးမွေးမှုကို ယနေ့နံနက် (၉)နာရီခွဲ (၃၀)မိနစ်အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြားရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း အမှတ်(၁)တွင် ပြုလုပ်ခဲ့သည်။
ဂွမြို့ Community Centre ခန်းမ၌ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပ
Feb 09,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။