မြောင်းမြ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့ အတွက် လူငယ်စကားဝိုင်းကို ယနေ့မွန်လွဲ ၁ နာရီအချိန်က အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့နယ်၊ အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ Grade-11 မှ မဂျူးဂျူးအောင်က လူငယ်နှင့်မျိုးချစ်စိတ်၊ Grade-11မှ မောင်ပိုင်ခန့်ကျော်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-11မှ မအေးပြည့်ပြည့်စိုးက လူငယ်နှင့်ယဥ်ကျေးမှု၊ မောင်ခန့်စဟွားက လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက် ဖြေကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)