မက်မန်း ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centrခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ် ဓာတ်ရှင်သန် ထက်မြက်ရေးအကြောင်း၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရေးအတွက် ဟောပြောရှင်းလင်းခဲ့သည်။ ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံ အမှန်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပခဲ့ရာ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား/သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေး အပ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုနေ့ အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မက်မန်းမြို့ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ