မိုင်းခုတ် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စုအတွင်းရှိ ပါမူကျေးရွာ၊ မာမူအဲကျေးရွာ၊ ဟားကွယ်ကျေးရွာနှင့် နားခိုကျေးရွာများမှ လားဟူရှည်(ခ)လားဟူဝါ လူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဝမ်ကောင်းကျေးရွာရှိ ခန်းမဆောင်၌ စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွဲတော်တွင် လားဟူလူမျိုးများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များက လားဟူလူမျိုးများ၏ ရိုးရာအကဖြစ်သော ကောက်စိုက်အက၊ ဗူးပလွေအက၊ ဗုံတီးဝိုင်းပတ်အကများဖြင့် ပျော်ရွှင်ကခုန်ကြပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များအား လားဟူရိုးရာထမင်း၊ ဟင်းများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)