ပင်းတယမြို့ Community Centre ခန်းမ၌ Youths Club အဖွဲ့ဝင်များနဲ့ စာဖတ်ဝိုင်းပြုလုပ်

ပင်းတယ ဖေဖော်ဝါရီ ၁၀

လူငယ်များတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဆွေးနွေးပြောဆိုတတ်စေရန်၊ အားလပ်သည့်အချိန် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ် ယမန်နေ့မွန်းလွဲပိုင်းက ပင်းတယမြို့ Community Centre ခန်းမ၌ Youths Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အဆင့်ရုံး) ပင်းတယမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးသည်။ အဆိုပါစာဖတ်ဝိုင်းတွင် မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားသည့် စိတ်ပြင်ခြင်းအနုပညာစာအုပ်ကို Youths Club အဖွဲ့ဝင်များမှ ဖတ်ရှု့ခဲ့ကြပြီး၊ မိမိတို့သိရှိလိုသည်များကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အဆင့်ရုံး) ပင်းတယမှ ပြည်သူများ အသိပညာဗဟုသုတပိုမိုရရှိစေရန်အတွက်ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များပြသပေးခြင်းနှင့် Online မှတစ်ဆင့်အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ဆောင်ရွက်ပေးခြင်းတို့ကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)