ကျိုက်မရောမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျိုက်မရော  ဖေဖော်ဝါရီ  ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြူဗဟိုဌာနခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးမော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အ.မ.ကမူလွန်အောင်သုခကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက အုပ်စုဖွဲ့၍ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြည်ထောင်စုပန်းတိုင်၊ ပြည်ထောင်စုဘွားတိုင်းရင်းသားများ ခေါင်းစဉ်ဖြင့် ပြသထားသော နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် ပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူးဒေါ်အေးအေးမော်က အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)