သထုံမြို့နယ်၊ အ.ထ.က-၄ ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဖေဖော်ဝါရီ  ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယနေ့နေလယ်(၁)နာရီအချိန်က  အမှတ်(၄)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအဖွဲ့(၆၂)မူးယစ်တပ်ဖွဲ့စုမှ ဒုရဲအုပ်စောထင်လင်းက မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးသန်းက ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာများကိုပါလေ့လာဖတ်ရှုကြရေးနှင့် ပြည်ထောင်စုနေ့‌အကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့သည်။  ထို့နောက် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့လက်ကမ်းစာစောင်များ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်‌ဝေပေးခဲ့ပြီး ခင်းကျင်းထားသည့် စာအုပ်စာစောင်များ၊ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသူ၊ ကျောင်သားများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)