ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည်ပိုင်းက  အခြေခံပညာမူလတန်းကျောင်း(လုံကောင့်)၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ (အင်အားပြ) ဒေါ်အေးသီတာမြင့်မှ နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် ပြည်ထောင်စုနေ့အကြောင်း ဖြစ်ပေါ်လာပုံအကြောင်းများ၊ ပင်လုံစာချုပ်ချုပ်ဆိုမှု အဆင့်အဆင့်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသူများ၏ နာမည်များနှင့် စာချုပ်တွင်ပါဝင်သော အချက်အလက်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို  ကျောင်းသား/သူ များအား အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားသည့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများနှင့် ကလေးကြိုက် ရုပ်ပြများ၊   ပုံပြင်စာအုပ်များ၊ တိုင်းရင်းသား ရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များကို ပြသဆောင်ရွက်ထားရှိကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)