သရက်မြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

သရက် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင်ကျရောက်မည့်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၄)နာရီက  သာသနာ့ဗိမာန်တော်ကြီးရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ ထမနဲ့ထိုးပြိုင်ပွဲနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အကဲဖြတ်ဒိုင် အဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုး လှမြင့်က အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့ အကြို ထမနဲထိုးပွဲ ယှဉ်ပြိုင်ရာ ခရိုင်/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံး၊ ခရိုင်/မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ် လယ်/ စီအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်း၊ သစ်တောနှင့် ခရိုင်/မြို့နယ် တရားရုံး၊ ခရိုင်/မြို့နယ် ဥပဒေ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်င်/မြို့နယ် ဆည်မြောင်၊ အကျဉ်း ဦးစီးဌာနတို့မှ ဝင်ရောက်ယှဉ်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရအသင်းနှင့် နှစ်သိမ့်ဆုရရှိသည့်  အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)