အလုံမြို့နယ်၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Feb 10,2023
ကျောင်းသား၊ ကျောင်းသူများ ဆေးလိပ်၊ ကွမ်းယာ အန္တရာယ်ကို သိရှိနိုင်စေရန်နှင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။