ဗန်းမောက် ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်း များ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများအပြင် မိမိတို့လေ့လာဖတ်ရှုမှတ်သားထားသည့် အခြားအသိပညာ ဗဟုသုတ ရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့နှောင်းရီက စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများက တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)