ရွှေကျင်မြို့နယ်တွင် မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝတ်ရည်ဝင်းက မြန်မာကလေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကလေးများပြုစုပျိုးထောင်ပေးရာတွင် လိုက်နာရမည့်အချက်များ၊ က‌လေးများ ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုစုပျိုးထောင်ပေးသင့်ပုံများ စသည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show စသည့်ပြည်သူအခြေပြုလုပ်ငန်းများအား ရွှေကျင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ဆက်လက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)