ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၀
ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းဆရာ/ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ဆင့်ပွားသင်တန်း စာအုပ်အားပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားသန်ချဆေးများတိုက်ကျွေးခြင်းတို့ကို ဆရာ၊ ဆရာမများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)