ပုသိမ်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ပုသိမ်ကြီး ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန community centre ပံသုကျီခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုစာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်၁၀နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့အကြောင်းအားဟောပြောခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် အ.ထ.က ပုသိမ်ကြီးမှ ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအားလှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါပြပွဲတွင် အ.ထ.က ပုသိမ်ကြီးမှ အလယ်တန်းပြဆရာမ ဒေါ်သဲအေးသန့်ဇင်နှင့်ကျောင်းသား ကျောင်းသူများအား  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်