ဒေးဒရဲမြို့၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးလျက်ရှိသော တောင်သူများအား ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်

ဒေးဒရဲ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရေး ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးလျက်ရှိသော တောင်သူများအား ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွက်ဖျန်းအားဆေးများ လိုက်လံထောက်ပံ့ခြင်းကို ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စိုက်ပျိုးရေး တာဝန်ခံများက တော်ကမယ်၊ တော်လှ၊ တော်ဖရုံ၊ ကျုံဒူးဒါးမလိမ်းစသည့် ကျေးရွာများက နေကြာစိုက်တောင်သူများနှင့် တွေဆုံ၍ အခက်အခဲနှင့် လိုအပ်ချက်များ တွေ့ဆုံဆွေးနွေးခြင်း၊ စိုက်ကွင်းအရောက် ကြည့်ရှု စစ်ဆေးပေးခြင်းနှင့် ရွက်ဖျန်းအားဆေးများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၃)စုရှိ၊ တောင်သူ(၁၉၀)ဦး၏ စိုက်ပျိုးဧက(၃၂၀)တွင် ဆီထွက် သီးနှံနေကြာ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဌာနများက ကွင်းဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း