ကျောက်ဆည် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းဆီ(၁)ပိသာ (၁)သောင်းတစ်ထောင်ကျပ် ရောင်းချရသဖြင့် မိုးနှောင်းနှမ်းစိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း ရဲဘော်ကြီးကျေးရွာမှနှမ်းစိုက်တောင်သူ ဦးမောင်ဦး ပြောပြ၍သိရသည်။
ရဲဘော်ကြီးကျေးရွာအုပ်စုတွင် မိုးနှောင်းနှမ်း(၂၄၇၈)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားချောင်းကျေးရွာအုပ်စုများတွင် (၄၈၀)ဧက၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခံတက်ကုန်းကျေးရွာအုပ်စုများတွင် (၂၈၇)ဧက၊ ဆူလေကုန်း၊ ပေါင်လောင်၊တောင်တော် ကျေးရွာအုပ်စုများတွင်၄၆၈)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှသိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နှမ်းသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ(၄)နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများစနစ်တကျပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ဘောင်စိုက်စနစ်ဟူ၍အမျိုးမျိုးစိုက်ပျိုးနိုင်ကြောင်းနှင့် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပါက အပင်သားခွဲရာတွင်လွယ်ကူခြင်း၊ ပေါင်းမြက်ရှင်းရာတွင်အပင်မနာခြင်း၊ ပြုလုပ်နိုင်သဖြင့် နှမ်းစိုက်ခင်းများ ပိုမို ဖြစ်ထွန်းကြောင်း သိရသည်။
သက်မောင်