မိုင်းရယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မြို့မိ၊ မြို့ဖများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓ္ဓမ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်ကလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လှိုင်ကလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား  မိုင်းရယ်မြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အဖွဲ့ဝင်ဒေါ်နန်းရွှေဟန်က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားအကအဖွဲ့များမှ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အမှတ်(၂)လှုပ်ရှား စစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့က ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)