စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား/ကျောင်းသူများအား နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း စသည့် အကြောင်းအရာများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် စာပေဖတ်ရှုအားကောင်းစေပြီး၊ အတွေ့အကြုံ ကောင်းများရရှိစေခြင်း အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်