ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပေါင်မြို့နယ်အတွင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံ‌တော်အဆင့် လူရည်ချွန်နှစ်ဦးအား ဆုချီးမြှင့်နိုင်ရေး၊ မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်နိုင်ရေးနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေးတို့ကို ဌာနဆိုင်ရာများ တာဝန်ရှိသူများက စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကဏ္ဍအလိုက် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က လိုအပ်သည်တို့ကိုပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)