ချောင်းဆုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက (အ.ထ.က)ရွာလွတ်ကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးမွန်စံက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိသူဇာက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ (ပြန်/ဆက်)ဦးစီးအရာရှိဒေါ်မိသူဇာနှင့် (အား/ကာ)နည်းစနစ်မှူး ဦးကျော်သူလင်းတို့က ဦးဆောင်ဆွေးနွေးကာ Grade-9,10,11 ကျောင်းသား/သူ များဖြစ်သည့် မထက်နုအိမ်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၊ မောင်ကျော်လျှံထက်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းကျော်လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဟန်သူသူထက် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၇၀)ဦး တက်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)