လပွတ္တာ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၃)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၃)ကျောင်းတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ကာယ၊ ဉာဏ၊ ဗလ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က (၃) ကျောင်းမှ မောင်မင်းသွင်ဆက်က မူးယစ်ဆေးဟူက ဆန့်ကျင်ကြ၊ မောင်ဟိဏ်းအောင်စိုင်းက ရှေးခေတ်မြို့ရွာအမည် အခေါ်အဝေါ်မှတ်တမ်း၊ မစိမ့်စိမ့်သူက သုတ စုံလင် ကမ္ဘာမြေတခွင်၊ မအိသန္တာကျော်က အငြင်းပွားအမှတ်မှားနေသောဖြစ်ရပ်များ (၁၀၀) ပုဂံမြို့နှင့် ဘုရားများအကြောင်း စသည့်ခေါင်းစဉ်အသီးသီးတို့ဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူက သိရှိလိုသည့်များကို မေးမြန်ကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စကားဝိုင်းသို့ အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်းအား (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်