မန်တုံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ (ဟိုခို )၌ လူငယ်စကားဝိုင်းကျင်းပ

မန်တုံ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း ကျောင်း-ခွဲ(ဟိုခို)၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အလယ်တန်းပြဆရာမ ဒေါ်အေးမိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမဒေါ်စန္ဒာစိုးက မြတ်ဆရာ၏ဂုဏ်ကျေးဇူး အကြောင်းရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာ အလယ်တန်းကျောင်း-ခွဲမှ Grade-8 ကျောင်းသူ မလွေးအေးဆောင်က“လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မလွေးဝေစပယ်အောင်က “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား    မောင်မိုင်းမျိုးမြတ်မောင်က “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်မိုင်းဆိုင်ခမ်း က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများမှ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိအကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ အခြေခံပညာအလယ်တန်းကျောင်း-ခွဲမှ ဆရာ/ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ (၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)