မန်တုံမြို့နယ် အမှတ်(၂)အလယ်တန်းကျောင်းခွဲ(ဟိုခို)သို့ သွားရောက်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များငှားရမ်းပေး

မန်တုံ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၂) အလယ်တန်းကျောင်းခွဲ(ဟိုခို)သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာအုပ်၊ စာပေဝါဒသနာပါသူ ဒေသလံပြည်သူများအား အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာရှာမှီးနိုင်စေရေးအတွက် မြို့မရပ်ကွက်သို့ကွင်းဆင်း၍ ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး သုတ၊ ရသစာအုပ်များအား အသစ်ပြန်လည်လဲလှယ်၍ အခမဲ့ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များအကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားလပ်သူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ပါသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို မန်တုံမြို့နယ်(ပြန်/ဆက်)ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်း၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

မန်တုံ(ပြန်/ဆက်)