မရမ်းကုန်းမြို့နယ်၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မရမ်းကုန်းဖေ​ဖော်ဝါရီ ၇

ကျောင်းသား​ကျောင်းသူများ မူးယစ်​ဆေးဝါးအန္တရာယ်ကို သိရှိနိုင်​စေရန်နှင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ဖောင်​ဒေးရှင်းတို့ပူး​ပေါင်း၍ ယ​နေ့မွန်းလွဲ ၁ နာရီက အမှတ်()အခြေခံပညာအလယ်တန်း​ကျောင်း၌ ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကဆေးလိပ်​သောက်ခြင်း​၊ ကွမ်းစားခြင်း​ကြောင့်ဖြစ်​ပေါ်လာမည့် အန္တရာယ်များအ​​ကြောင်း​နှင့် ပြိုင်ပွဲခြင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့​နောက်​ကျောင်းသား​၊ကျောင်းသူ​လေးများက ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစကဗျာစာအုပ်ပါ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် အုပ်စုလိုက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)