မိုင်းလုံမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်‌ကျွေးခြင်း ဆောင်ရွက်

မိုင်းလုံ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်‌ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က  တိုက်နယ်ကျန်းမာရေးဌာနတွင် တိုက်ကျွေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ နန်းမြဟန်က ဗီတာမင်အေချို့တဲ့လျှင် ကြက်မျက်သင့်ရောဂါ၊ မျက်စိအားချို့တဲ့ပြီး မျက်မြေးခြောက်ရောဂါ၊ မျက်သားခြောက်သွေ့ခြင်း၊ အခြားမျက်လုံးရောဂါများနှင့် ကလေးသူငယ်များတွင် ကြီးထွားမှုနှောင့်နှေးခြင်းများနောက် ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်‌အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်‌ကျွေးပြီး၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

မိုင်းလုံမြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်အတွင်းရှိ ကလေးငယ်များကို တိုက်နယ်ကျန်းမာရေးဌာနတို့ လာရောက်၍ ဆေးတိုက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ရပြီး ကျန်ရှိကလေးငယ်များကိုလည်း နောက်နေ့များတွင် လာရောက်တိုက်ကျွေးနိုင်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)