သတင်းများ

မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ
Feb 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ညနေပိုင်းအချိန်က ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်သာမည ရေးသားသည့် “အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ မြေစိုက် နံရံကပ်ဘုတ်တွင် ခင်းကျင်းပြသ
Feb 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်း ဓါတ်ပုံများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ ဆောင်ရွက်ထားလျက်ရှိသည်။
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 17,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၊ အ-လ-က(ခွဲ)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်
Feb 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးရှေ့ အသိပညာပေး မြေစိုက်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးနှင့် သန်ချဆေးပေါင်းကွင်းဆင်းတိုက်ကျွေးခြင်းဆောင်ရွက်
Feb 17,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးနှင့် သန်ချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းတည့် (၁၂)နာရီအချိန်က အမ်းမြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Feb 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားရုံကြီးကို တည်ဆောက်နေရာ မြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်
Feb 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။