သတင်းများ

ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေး ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က
ချင်းပြည်နယ်ဝန်ကြီးချုပ် ဟားခါးမြို့ တော်လှန်ရေးရေကန် ပန်းခြံ ၊ Hakha View Point ၊ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် စသည့်နေရာများ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအစည်းအဝေးသို့ တက်ရောက်
Jul 23,2022
ချင်းပြည်နယ် ၊ ဟားခါးမြို့ တော်လှန်ရေးရေကန် ပန်းခြံ ၊ ဟားခါး−ဂန်ဂေါလမ်းပေါ်ရှိ View Point၊ မြို့သစ်ရပ်ကွက်ရှိ ဂေါက်ကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင် စသည့်နေရာများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Jul 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဘူတာရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းတွင် သွားကျန်းမာရေးစောင့်ရှောက်ပေး
Jul 23,2022
မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း ဖွင့်လှစ်ထားရှိသော မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော ကလေး(၅၃)ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်တို့မှ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က သွားကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ဆောင်ရွက်
Jul 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 23,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ဒေသအတွင်း အပူပိုင်းစိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသယံဇာတအရင်း အမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မယ်စဲ့မြို့အဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရ တမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှု အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ဇချမ်းကုန်း အခြေခံပညာ အထက်တန်းကျောင်း-ခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်စေရန်  လက်တွေ့သရုပ်ပြ အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ အမှိုက်များစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက (အ မ က)အင်းလပ်အရှေ့ကျောင်းခန်းမ ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်တတ်စေရန်  လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။