သတင်းများ

ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးနေမှုများကို ယနေ့ နံနက်ပိုင်း က အမှတ်(၁၀)နှင့် အမှတ်(၁၇)ရပ်ကွက် များတွင် ဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်း၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  စားသုံးသူအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် မွေကျေးရွာ အထက(ခွဲ)၌ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 23,2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂ဝ၂၂ ခုနှစ်မိုးရာသီ အရိပ်ရတမာပင်များ စုပေါင်း စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်က မွေကျေးရွာ အထက(ခွဲ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဂိုးလတ် ဘောလုံးပြိုင်ပွဲ‌ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရေဖြူမြို့ နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသမီးဂိုးလတ် ဘောလုံးပြိုင်ပွဲ‌ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီကကျင်းပခဲ့သည်။
မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 23,2022
မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မကွေးမြို့၊ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ မကွေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်(၂)ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံ ပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးစေရေး အသိညာပေးဟောပြောပွဲကျင်းပ
Jul 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလ ငါးတန်ဖွံ့ဖြိုးစေရန်အတွက် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပခဲ့သည်။