လောင်းလုံး ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများအတွက် ဓာတ်ပုံရိုက်ခနှင့်သွေးစစ်ခများ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ကျင်းပပြုသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဉာဏ်ဝင်းက ပန်းခင်းစနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ပန်းခင်းစနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးသည့် ပြည်သူပေါင်း (၅၄၆၁)ဦးအား၊ သွေးစစ်ခနှင့် ဓာတ်ပုံရိုက်ခအတွက် တစ်ဦးလျှင် (၃၀၀၀/-)ကျပ်သုံးထောင်နှုန်းဖြင့် (၁၆၃၈၃၀၀၀/-)ကျပ် တစ်ရာ့ခြောက်ဆယ်သုံးသိန်းရှစ်သောင်းသုံးထောင်တိတိ/-အား ပြည်သူများလက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူးရုံးမှ သိရသည်။
သိန်းသိန်း