ငပုတောမြို့နယ်၌ ​နွေစပါးစိုက်ခင်းများအား Solar Pumpစနစ်ဖြင့် ရေတင်ခြင်းဆောင်ရွက် နေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု့

ငပုတော ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ငပုတောမြို့နယ်အတွင်းရှိ တောင်သူများကုန်ကျစရိတ်သက်သာပြီး စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နွေစပါးစိုက်ခင်းများအား SolarPumpစနစ်ဖြင့် ရေပေးသွင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီအချိန်က ဖျန်ရေကျော် ကျေးရွာရှိ ကွင်းအမှတ် (၁၅/၄)၊ ဦးပိုင်အမှတ် (၁၃၁၃) တောင်သူ ကိုသိန်းထွေးနှင့် တောင်သူဒေါ်လှိုင်သဇင်ထွန်းတို့၏ လယ်​မြေ( ၉၀.၈) ဧကရှိ နွေစပါးစိုက်ခင်းများအား Solar Pump စနစ်ဖြင့် ရေပေး သွင်းဆောင်ရွက်နေမှုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရှိန်းနေလွင်ထွန်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီမှ တာဝန်ရှိသူများအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးရယ်လွင်နှင့် တာဝန်ရှိသူများ က Solar Pump စနစ်ဖြင့် နွေစပါးစိုက်ခင်းများအား ရေးပေးသွင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်​ပြခဲ့ရာသက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)