ခရမ်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်သို့ ယနေ့နံနက် ၇ နာရီက သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ခရမ်းမြို့နယ်ကြူတောကျေးရွာတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေး၍ ပဲတီစိမ်းရိတ်သိမ်း ခူးဆွတ်နေမှုအား အားပေးကြည့်ရှုပြီး ခရမ်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ခရမ်းမြို့နယ်သမအသင်းစုလီမီတက်၊ ကုန်မျိုးစုံအရောင်းခန်းမ၊ ခရမ်းစတိုးဆိုင်များအား ဝင်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရမ်းမြို့နယ်သမဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဥမ္မာမြင့်နှင့်ဝန်ထမ်းများ၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားနိုင်နှင့်ဝန်ထမ်းများ၊ ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်သူရနှင့် ဝန်ထမ်းများ၊ ဒေသခံကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာရရှိစေရေး၊ ပိန်းကန်ကြူတောရွာချင်းဆက် မြေသားလမ်းအား ပြန်လည်ပြုပြင်၍အဆင့်မြှင့်တင်ရန်တို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကြူတောကျေးရွာ တောင်သူဦးမြင့်ငွေပိုင်ဆိုင်သည့် ပဲတီစိမ်းစိုက်ပျိုးမြေ ၃ ဧကအား ခူးဆွတ်ရိတ်သိမ်းနေမှုအားပေးကြည့်ရှုပြီး ခရမ်းမြို့နယ် သမအသင်းစုလီမီတက်၊ ကုန်မျိုးစုံအရောင်းခန်းမ၊ ခရမ်းစတိုးဆိုင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)