ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ Ocean Center ဝန်းအတွင်းရှိ ပရိုမိုးရှင်းဧရိယာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော ၂၀၂၃ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဈေးရောင်းပွဲတော်ဖွင့်ပွဲကို စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် New Starlight ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌဦးဝင်းဌေးမှ ၂၀၂၃ခုနှစ် နှစ်သစ်ကူးစျေးရောင်းပွဲတော် ကျင်းပပြု လုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr CHEN CHEN(ခ) ဦးခင်စိန်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဂုဏ်ထူးဆောင်နာယက ဦးအောင်ဝင်းခိုင်၊ ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အသင်းအဖွဲ့ဝင်များ၊ New Starlight ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဖိတ်ကြားထားသောသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများမှ စျေးရောင်းပွဲတော်အတွင်း ခင်းကျင်း ပြသထားသည်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။ အဆိုပါစျေးရောင်းပွဲတော်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)