ပန်းတနော် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်ဂိမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က လူငယ်နှင့်ဂိမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းထွဋ်က ယနေ့ခေတ်လူငယ်များအနေဖြင့် ဂိမ်းစွဲလမ်းခြင်းကတော့ လူကိုချက်ခြင်း မသေစေနိုင်ပေမဲ့ ဘဝကိုသုံးစားမရတဲ့အထိ ပျက်စီးစေနိုင်ပါတယ် ဂိမ်းစွဲလမ်းသူတွေဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး သူတို့ရဲ့သီးခြားကမ္ဘာမှာ ပျော်မွေ့လွန်းသွားတတ်ကြပါတယ်။ ဂိမ်းဆော့တိုင်းမကောင်းဘူးလို့ ပြောလို့မရပါဘူး တချို့သော ဂိမ်းတွေဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း တိုးပွားစေသလို လေ့လာစရာ အချက်အလက်အသစ်များလဲ ရစေပါတယ်။ အဓိကကတော့ မိမိစိတ်ကိုနိုင်ပြီး ဂိမ်းကစားခြင်းကို ထိန်းချုပ်နိုင်ဖို့ပဲလိုပါတယ်ဟု Online မှ တဆင့်အသိပညာပေးဆွေး ပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)