မြို့နယ်အဆင့် အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်းဖွဲ့စည်း

ညောင်တုန်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်းကို ယနေ့နံနက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်အထွေထွေအုက်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် အဖိုးတန် သတ္တုရောင်းဝယ်ခြင်းနှင့် စပ်လျဉ်းသော လုပ်ငန်းလုပ်ကိုင်သူများ လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မျိုးထက်က အဖိုးတန်သတ္တုများ ရောင်းဝယ်ရာတွင် ရောင်းမှား၊ ဝယ်မှားမဖြစ်စေရေးအတွက် ရှောင်ရန်ဆောင်ရန်များကို လည်းကောင်း ပြောကြားပြီး မြိုနယ်အတွင်းရှိ လုပ်ငန်းရှင်းများနှင့်အတူ မြို့နယ်အဆင့် အဖိုးတန် သတ္တုရောင်းဝယ်ရေး အသင်းဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)