ပေါင်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အသိပညာပေး(Talk Show) ပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အသိပညာပေး(Talk Show)ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န Community Centre  ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ် ဒုတိယဥပဒေအရာရှိဒေါ်ဝေဝေမွန်က ကလေးအလုပ်သမားများ အကြောင်းအရာများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်အလုပ် လုပ်ချိန်နှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံတွင် ဆောင်ရွက်စီမံဆောင်ရွက်ထားမှုများ၊ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းများနှင့် ပတ်သတ်သည့်အကြောင်းအရာများ၊ကလေးအလုပ်သမား ပပျောက်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန် ရည်ရွယ်ပါသည်။

မြို့နယ်(ပြန်/ဆက်)