စမ်းချောင်း ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက လုပ်ငန်းသုံးမီတာများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၏ စီစဉ်ကြီးကြပ်မှုဖြင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးစီး၍ အင်ဂျင်နီယာ အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား (၃၀) ဦးဖြင့် လုပ်ငန်းသုံးမီတာများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နီလာစိုး