ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး

ရွှေတောင် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

​​ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာနံနက် (၉)နာရီမှ မွန်းလွဲ (၂)ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် (၇၉၅)ဦး၊ ကာကွယ်ရေးပင်စင် (၁၀၅၃)ဦး၊နိုင်ငံရေးပင်စင် (၁၁၂) ဦး ဘဏ်ပင်စင် (၁၇) ဦး စုစုပေါင်း (၂၃၇၇)ဦးရှိကြောင်း သိရပါသည်။

အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကြိုတင်ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သက်တောင့်သက်သာ စိတ်အေးချမ်းသာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)