မန္တလေးခရိုင် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားမျာအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာနှင်းဇော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး သင်တန်းနည်းပြများမှ သက်ဆိုင်ရာကဏ္ဍအလိုက် စာတွေ့/လက်တွေ့ သင်ကြားပို့ခဲ့ကြသည်။
အဆိုပါသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ (၁၈)ရပ်ကွက်အတွင်းရှိ လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမ စုစုပေါင်းနည်းပြ(၃)ဦးတို့က (၅)ရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်