ဝေါမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ဝေါ ဖေဖောဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝေါမြို့မစျေး အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထားရှိရေး အသိပညာပေးဆောင်ရွက်သည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးသိန်းထွန်းက မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက မီးငြိှမ်းသတ်ရန်နည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ အရေးပေါ်မီးငြိှမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ ဆီမီးလောင်မှုအား မီးငြှိမ်းသက်နည်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

အောင်မြတ်လင်း (ပြန်/ဆက်)