ဖလမ်းမြို့၌ Quarantine Center နှင့် ကုသရေးစင်တာများပြန်လည်ဖွင့်လှစ်
Aug 03,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဇူလိုင်လမှစ၍ ဖလမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကုသနိုင်ရေးအတွက် Community Based Facility Quarantine Center၊ ကုသရေးစင်တာများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။