သတင်းများ

ချယ်ရီလမ်းသွယ်ကျောက်ချောခင်းလုပ်ငန်းများစတင်ဆောင်ရွက်
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ သွားလာရေးခက်ခဲသည့်ရပ်ကွက်မှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မား စေရေးရည်ရွယ်၍ ကွန်ကျိုင်းရပ်ကွက်ရှိ ချယ်ရီလမ်းသွယ် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့တွင် စတင်ခင်းခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၌ စတုတ္ထအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားကျင်းပ
Feb 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ စတုတ္ထအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းရှိရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျား ခေါင်လန်ဖူးမြို့ မီးလင်းရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အထန်ချောင်းအား ကြည့်ရှုစစ်ဆေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ဒေသခံလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်
Feb 27,2023
မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ခေါင်လန်ဖူးမြို့သို့ သွားရောက်ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲ - ညောင်ပင်စောက်ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား ဒေသခံကျေးလက်နေပြည်သူများ ရာသီးမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည် ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေး
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
မင်းလှမြို့တွင် ၂၀၂၃ ခုနှစ်၊ နွေစပါး (၁၅၈၄)ဧက စတင်စိုက်ပျိုးပြီးစီး
Feb 27,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့် မုက္ခာဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၃ ခုနှစ်၊ နွေစပါး စိုက်ပျိုးခြင်း လျာထားချက်ဧက(၁၀၉၆၄)ရှိရာ ယနေ့ထိ နွေစပါးစုစုပေါင်း(၁၅၈၄) ဧကအား စတင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုင်းဆတ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မတ်လနှင့် ဧပြီလအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနမှ  ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ဆရာတော်ကြီး၏ (၉၁) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်ကြည်ညို
Feb 27,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနနာယက သက်တော်ရှည်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိဒ္ဒ မထေရ်မြတ်၏ သက်တော် (၉၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက အဆိုပါစာသင်တိုက်၌ကျင်းပရာ ဆရာတော်သံဃာတော် (၅၀)ပါး ကြွရောက် ချီးမြှင့်တော်မူ သည်။