သတင်းများ

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Feb 27,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်  မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်အချိန်က အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်၅၀၀(မိတ္ထီလာ) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်း၍ ကျေးရွာဒေသခံများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့၌  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅၉) ဦးဝင်ရောက်ဖြေဆိုမည်
Feb 27,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌  ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၅၉) ဦး ဝင်ရောက်ဖြေ ဆိုသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ကလိန်အောင်မြို့တွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအဆင်ပြေ
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ရာသီအလိုက် သစ်သီးဝလံ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများစတင်ခူးဆွတ်ချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ရေဖြူမြို့နယ်၊ ၊လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများပြုလုပ်
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူလတန်းနှင့်အလယ်တန်းအဆင့် ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယ‌နေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန ၊ကလေးစာဖတ်ခန်းအတွင်း၌ပြုလုပ်ပေးခဲ့သည်။    
နောင်ချိုမြို့နယ် စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ ဆက်လက်ဖြေဆို
Feb 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်း ဖြေဆိုလျက်ရှိပြီး နောင်ချိုမြို့နယ် အနေဖြင့်လည်း စာစစ်ဌာနများခွဲ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် Grade(5) သိပ္ပံဘာသာရပ်နှင့် Grade(9) ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်တွင် ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့မိမြို့ဖများ၏ စတုတ္ထအကြိမ်ပညာရည်ချွန်ရွှေတံဆိပ်ဆုဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
Feb 27,2023
မန္တလေးတက္ကသိုလ်တွင် ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့မိမြို့ဖများ၏ စတုတ္ထအကြိမ်ပညာရည်ချွန်ရွှေတံဆိပ်ဆုဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Feb 27,2023
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံလမ်းရှိတက္ကသိုလ်၏ မဉ္ဇူသကခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရေဖြူမြို့၊ မြို့ကွက်သစ်လမ်းသွယ်(၃)(၄)အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊မြို့ကွက်သစ် လမ်းသွယ်အမှတ် (၃) (၄)တို့အား ကွန်ကရစ်ခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။