သတင်းများ

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Aug 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကြောင်း မိသားစုအပိုဝင်ငွေရရှိ
Aug 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုကြောင်း မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community  Centre  ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်  စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိစေရန်လူငယ် လူရွယ်များ အကောင်း၊ အဆိုး၊ အမှား၊ အမှန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး ( Book Club) အဖွဲ့ဝင်များက စာရေးဆရာဦးမော်မော့်မောင်၏ အဖြူရောင်ခမည်းကြက်နှင့် အခြားဝတ္ထုတိုများ အား ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community   Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ ရပ်ကွက်တည်နေရာ point များ လက်တွေ့ကွင်းဆင်း ကောက်ယူ
Aug 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၅၈၊၅၉၊၉၁) ရပ်ကွက်များတွင် GIS နည်းပညာအသုံးပြု၍ ရပ်ကွက်တည်နေရာ point များ လက်တွေ့ကွင်းဆင်း ကောက်ယူခြင်းကို ယမန်နေ့ နံနက်လည်(၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရမည်းသင်းခရိုင်အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက် မှတ်ပေးအပ်ပွဲကျင်းပ
Aug 03,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနက ရမည်းသင်းခရိုင်အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည် ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community   Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင်တွင် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  အဆိုပါဌာန စုပေါင်းရုံးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဒဂုံတက္ကသိုလ်ရှိ တက္ကသိုလ် ဆရာ၊ ဆရာမကျောင်းသား/သူများနှင့် ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster (Covishield) ဆက်လက်ထိုးနှံ
Aug 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ရှိ  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield)အား ဒဂုံတက္ကသိုလ်ကျောင်း၌ ယနေ့နံနက်ပိုင်း အချိန်က ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။