သတင်းများ

ပန်းတနော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ (၄) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိ
Aug 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၅၃/ ၃နှင့်၅၃/၄ကြားတွင် ယမန်နေ့ ည ၇နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အ-ထ-က(အင်္ဂပူ)တွင် မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ကင်းစင်ရေး ပြည်သူလူထု ပူးပေါင်း ပါဝင်လာ‌စေရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာန တို့ ပူးပေါင်းပြီး မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ အမှိုက်များစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက အ-ထ-က)(အင်္ဂပူ)ငုရွှေဝါခန်းမ၌ မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ကင်းစင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်လာ‌စေရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ 
သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၈) လမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ (ကျောင်းအဆင့်) ကျောင်းတွင်း ဘော်လီဘောပြိုင်ပွဲကျင်းပ
Aug 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းနေရာ၌ (ကျောင်းအဆင့်) ကျောင်းတွင်း ဘော်လီ ဘောပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဖွင့်ပွဲနှင့်အတူစတင်၍ ကျင်းပပြုလုပ်ပေးရာ
ရှမ်းရွာသစ် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်
Aug 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ( Smart Village ) ဆောင်ရွက်သွားမည်
Aug 03,2022
မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအား ကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (SMART Village)ကို တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သာ​ကေတမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ​​ကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့​ နေ့လယ် (၁) နာရီမှ (၁၄) နာရီအထိ သာ​ကေတမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့က အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။