သတင်းများ

မိုင်းယောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ
Aug 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း 
နန့်မွန်းမြို့၌ အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ လျှံတက်လာပြီး မြို့ပေါ် ရပ်ကွက်များအတွင်း လူနေအိမ်များတွင် ရေများဝင်ရောက်၍ ကားလမ်းအချို့နေရာများတွင် ရေကျော်ဖုံးလွှမ်း
Aug 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယနေ့ နံနက် (၆)နာရီခန့်က အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှု ကြောင့် နန့်မွန်းချောင်းနှင့် နန့်သာအင်းချောင်းများမှ ရေများလျှံ တက်လာပြီး နန့်မွန်းမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်၍ ကားလမ်း အချို့နေရာများတွင် ရေကျော်ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်ရှိ ဂေါဝိန်နယ်‌မြေမီးသတ်စခန်းတွင် သံကူကွန်ကရစ် (RC) နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်မည်
Aug 03,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ဂေါဝိန်နယ်‌မြေမီးသတ်စခန်းတွင် သံကူကွန်ကရစ်(RC)နှစ်ထပ် ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program ရေးသွင်းခြင်း ဆောင်ရွက်သည့်လုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ (၄၂.၃၉) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေး
Aug 03,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် တည်‌ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ရာနှုန်းပြည့်ထိုးနှံ
Aug 03,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်း အဖွဲ့များက ဇွန်လ ၃ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူဦးရေ ရာနှုန်းပြည့် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်
Aug 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)ရေးသားသည့် “တစ်ခါတုန်းကနေပြည်တော်မှာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် “ကလေးသူငယ် အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 03,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ.ထ.က (၅) အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးခန်းမ၌ “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။