သတင်းများ

အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးဟောပြောပွဲ ကျင်းပ
Feb 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး မွေးမြူရေးပညာရပ်များကို ပညာသင်ယူနိုင်မည့်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်ကျောင်း(တုန်ဟုန်း)၌ ကျင်းပဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား(၁၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Feb 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက်၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တမာပင်ရပ်ကွက် စာရေးနှင့်အုပ်ချုပ်ရေးမှူးတို့က အဘိုး/အဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက် 
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ် (၁၈) ရပ်ကွက် မြို့ဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတက္ကသိုလ်တွင် စာသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး
Feb 27,2023
စစ်ကိုင်းတက္ကသိုလ်တွင် ခရိုင်စားသုံးရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
မိုးကောင်းမြို့ လွဲလောကျေးရွာ ရွာဦးဆုတောင်းပြည့်စေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲ ကျင်းပ
Feb 27,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျေးရွာ၌ တည်ထားကိုးကွယ်တော်မူအပ်သော ဉာဏ်တော် (၂၄)တောင်အမြင့်ရှိ “ရွာဦးဆုတောင်းပြည့်စေတီ” အား ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးဝါးကုသ
Feb 27,2023
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့က ခရမ်းမြို့နယ်တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ပေး
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးလျက်ရှိသည်။