သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့နယ် ကံမလေးဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Feb 27,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက  အောင်လံခရိုင်၊ အောင်လံမြို့နယ် ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့  သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲနှင့် ဆုနှင်းသဘင်အခမ်းအနားသို့တက်‌ရောက်
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ဆရာတော် သံဃာ တော်များ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံ နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ(၄၇၈၅)နှင့် ဆောင်းနေကြာ (၁၁၅၀)ဧက လျာထားလျက်ရှိရာ မိုးနေကြာ(၄၇၈၇) စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧကလျှင် အထွက်နှုန်း(၃၅.၂၂)တင်း ထွက်ရှိခဲ့ကြောင်း၊ ဆောင်းရာသီတွင် နေကြာသီးနှံ (၁၁၅၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအထိ နေကြာ(၅၁၈)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း(၃၆.၅၂)တင်း ရရှိ၍ ကျန်ရှိသောဧကများမှာ ပန်းများ ပွင့်နေဆဲဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စစ်ကြောင်းကြီးငါးကြောင်းဖြင့် မုန်းလိုက်ကျေးရွာအုပ်၊ မိုင်းပန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်ပြီ
မအူပင်မြို့တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲဆောင်ရွက်
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကွန်စုကျေးရွာအုပ်စု၊ တမံလေးကျေးရွာ တောင်သူဦးဆန်းဇော်ဝင်း၏ ကွင်းအမှတ် (၈၂၈)တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။
မိုးနဲမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်နေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော တောင်သူဒေါ်အေး‌အာင်၏ ယာခင်း၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Feb 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ ဆောင်ရွက်ကြောင်း သိရသည်။