ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေလမ်းထောင့်ရှိ အထက(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်၁၂:၀၀နာရီမှ ၁၃:၃၀ နာရီအချိန်ထိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား(၁၅) ဦး၊ ကျောင်းသူ(၂၂)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ထိုးနှံပေးခဲ့ပြီးကာကွယ် ဆေး(၁)လုံးလျှင် (၅)ဦးနှုန်းဖြင့် (၃၇)ဦး အတွက် ဆေးအလုံးရေ (၇.၄)လုံးအား ထိုးနှံပေးခဲ့ကြသည်။