သတင်းများ

ဖျာပုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေ ကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင် ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြ ခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အတွင်း သွားလာနေကြသော မော်တော်ယာဉ် များအား ယနေ့ နံနက်ပိုင်းအချိန်က လိုက်လံအသိပညာပေး စစ်ဆေးဆောင်ရွက်ကြသည်။
မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ရေသန့်စက်များ တပ်ဆင်ခြင်းဆောင်ရွက်
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေး၊ ဝမ်းပျက် ဝမ်းလျောရောဂါနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ရေစက်များကို YAW PRINCESS COMPANY LIMITED မှ လိုက်လံတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသန နုဂ္ဂဟစာပြန်စာမေးပွဲ စာအောင်ဆုနှင်း သဘင်နှင့်ဆွမ်းခြောက်လောင်းလှူပွဲ အခမ်းအနားကျင်းပ
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟစာပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းခြောက်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်၌ပြုလုပ်ရာ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌဆရာတော်နှင့် ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေး ဆရာတော်ကြီးများ၊ ပုစ္ဆက၊ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့်ရှင်သာမဏေများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ ကြသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းရာ တစ်ဧက(၃၀)တင်းထွက်ရှိ
Feb 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး နေကြာမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးထားပြီး ယနေ့နံနက်(၁၀)နာရီက မှိုင်းပန်ကျေးရွာ၊ ကွင်းအမှတ်(၂၃၀/ဃ)၊ တောင်သူဦးဝင်းနိုင်၏ မျိုးစေ့ထုတ်နေကြာစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(၃၀)တင်း ထွက်ရှိကြောင်း သိရှိရသည်။
ဘက်စုံပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်များအ​ကြောင်း အသိပညာ​ပေး(Talk Show) ပြုလုပ်
Feb 27,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမတွင်​ ဘက်စုံပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်းနည်း စနစ်များအ​ကြောင်း အသိပညာ ပေး (Talk Show) ကို ယ​မန်နေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၂-ခုနှစ် ဓမ္မာစရိယ ၊ နိကာယ် ၊ ပထမပြန် စာအောင်ပုဂ္ဂိုလ်များအား အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် စာအောင်ဆုများလောင်းလှူပွဲကျင်းပ
Feb 27,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂-ခုနှစ်၊ ဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန် စာအောင်ပုဂ္ဂိုလ်များအား အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် စာအောင်ဆုများလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က ရပ်ကွက်ကြီး(၁)ရှိ ဥပတ္ထမ္ဘကအသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။