မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များဖြန့်ဖြူး
Aug 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ မွေးမြူရေး ဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များ ဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွန်နားကျေးရွာနေ အိမ်ထောင်စုများလက်ဝယ်သို့ ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။